Everything About IT Notes

Tuesday, March 20, 2012

Windows XP ရဲ့ Built-in Administrator account မှာ password ထားသင့် မသင့်

Windows XP ရဲ့ Built-in Administrator account မှာ password ထားသင့် မသင့်

Computer တွေ Windows တင်ပြီဆိုရင်... ကျွန်တော်တွေ့ဖူးတာ ကတော့ Windows တင်နေတုန်းမှာ ဖြည့်ပေးရတဲ့... Built-in Administrator account ရဲ့ Password ကို Windows တင်ပေးတဲ့ Technician/Specialist တော်တော်များများက ထည့်မပေးလိုက်တက်ကြပါဘူး... ကိုယ်တိုင် Windows တင်တဲ့ သူတော်တော်များများ က လည်း ဒီအဆင့် မှာ မထည့်တတ်ကြပါဘူး... တကယ်တော့ ဒါဟာ ကောင်းတဲ့ အလေ့အကျင့် တခု မဟုတ်ပါဘူး။
ဘာလို့လဲ ဆိုတော့... ဒီ Built-in Administrator account ကို Password ပေးမထားလို့ကတော့... ကွန်ပျူတာနဲ့ ပတ်သက် ပြီး အတော် အသင့် တတ်ကျွမ်းနားလည်တဲ့ သူ တယောက်က ကိုယ့်ကွန်ပျူတာကို ၄င်း Administrator account သုံးပြီး... ဝင်ရောက်အသုံးပြုသွားနိုင်လို့ပါပဲ...

ဘယ်လိုအသုံးပြုလဲဆိုတော့... User Account ခွဲထားတဲ့ ကွန်ပျူတာမှာဆိုရင်ဗျာ... Windows တက်လာပြီး ရင် Welcome ပေါ်လာမယ်...ပြီးရင်... Username နဲ့ Password ထည့်ပေးရမယ်ဆိုပါတော့...ဒီနေရာမှာ  Keyboard ကနေ.. Ctrl Key ရယ်... Alt Key ရယ်... Del Key ရယ်ကို ပေါင်းပြီး နှစ်ခါ နှိပ်လိုက်ပြီဆိုရင်... Username နဲ့ Password တောင်းတဲ့ Windows လေးပေါ်လာတယ်... Username နေရာမှာ... Administrator ပေါ့... Password နေရာမှာ...Windows တင်စဉ်က password ပေးမထားတော့ ဘာမှ ထည့်မပေးပဲ Ok လုပ်လိုက်ရင်... မိတ်ဆွေရဲ့ ကွန်ပျူတာကို လုပ်ချင်ရာ လုပ်လို့ရသွားပြီပေါ့နော်... ပြီးတော့...Built-in Administrator ဆိုတော့...ထင်ရာစိုင်းပြီပေါ့ဗျာ...

ကဲ မိတ်ဆွေ... နောက်ဆို Built-in Administrator account လေးကို လဲ ပစ်မထားနဲ့နော်...
အဲ့ တခုတော့ ပြောမယ်ဗျ...ဒါက Windows XP အတွက်ပဲနော်...ကျန်တဲ့ Windows တွေမှာ ဒါမျိုးလုပ်လို့မရပါဘူး။
Ref: http://www.ictformyanmar.com/2010_06_01_archive.html

0 comments:

Post a Comment