Everything About IT Notes

Wednesday, August 8, 2012

ADSL အားနည်းချက်(Disadvantages?)


နည်းပညာရဲ့ အားသာချက်ရှိရင် အားနည်းချက်လဲ ရှိနိုင်ပါတယ်၊ ADSL ရဲ့ အားနည်းချက်ကတော့ တယ်လီဖုံးလိုင်းရဲ့ အရည်အသွေး ပေါ်မှာ တော်တော်ကြီး မူတည်တာပါပဲ၊ တယ်လီဖုံးလိုင်း Noise ပါတာ ၀ါယာအဆက်တွေများတာ လိုင်းခွဲရှိတာတွေဟာ ADSL line speed နဲ့ Performance ကို မလွဲမသွေ အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်၊ မိမိရဲ့ တယ်လီဖုံးလိုင်းဟာ အိတ်ချိန်းမှ သိပ်ဝေးနေခဲ့ရင်လည်း
သုံးစွဲလို့ မရနိုင်ပါ   လိုင်းရှည်လာလေ Speed and Performance ကျလာမှာဖြစ်ပါတယ်၊ အပေါ်က ဇယားမှာလဲ အကြမ်းဖျဉ်း တွေ့နိုင်ပါတယ် .. (အသုံးပြူနိုင်မယ့် လိုင်းအကွာအဝေး အမြန်နှုံး တွေဟာ DSL နည်းပညာ အခွဲတွေပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါသေးတယ်)၊ ဖုံးလိုင်းတစ်လိုင်းထဲပေါ်မှာ Data + Voice သွားတာဖြစ်တဲ့ အတွက် ဖုံးလိုင်းပြတ်တောက်သွားရင် Internet လဲရမှာမဟုတ်တော့ပါ၊
ADSL မှာ ရရှိနိုင်မယ့် Maximum speed ဟာ Copper လိုင်းရဲ့အရှည် (သုံးစွဲသူရဲ့အိမ်နဲ့ အိတ်ချိန်းရဲ့အကွာအဝေး) Copper လိုင်းရဲ့အရည်အသွေးပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်၊ အကြမ်းဖျဉ်းရရှိနိုင်မယ့် Speed နဲ့ ၀ါယာအမျိုးအစား လိုင်းအရှည်ကို အောက်ဇယားမှာ ကြည့်နိုင်ပါတယ်။

Data Rate

Wire Gauge

Distance

Wire Size

Distance

1.5 or 2 Mbps 24 AWG 18,000 ft 0.5 mm 5.5 km
1.5 or 2 Mbps 26 AWG 15,000 ft 0.4 mm 4.6 km
6.1 Mbps 24 AWG 12,000 ft 0.5 mm 3.7 km
6.1 Mbps 26 AWG 9,000 ft 0.4 mm 2.7 km
အကြမ်းဖျဉ်း အိတ်ချိန်းကနေ 3km ထက်ကျော်လာရင် line speed နဲ့ Performance မကောင်းနိုင်ပါဘူး၊ အိမ်သုံးအနေနဲ့ သိသာမှာ မဟုတ်ပေမယ့် ဆိုင်ဖွင့်ဖို့ လုပ်ငန်းသုံးဖို့ PC အရေအတွက်များများသုံးခဲ့ရင် Maximum performance ရဖို့ စဉ်းစားရင် အိတ်ချိန်းကနေ အကွာအဝေး အနီးဆုံးဖြစ်ဖို့လိုပါတယ်။
Ref:

Oakkar7's Blog

0 comments:

Post a Comment