Everything About IT Notes

Wednesday, August 8, 2012

(1)အိမ်တွင်းဝါယာသွယ်တန်းမှု (Internal Home Wiring)


သတိပြုရမှာက အရင်ဆုံး လိုင်း technician မခေါ်ခင်မှာ မိမိအိမ်အတွင်းက အိမ်တွင်းဝါယာကြိုး သွယ်တန်းထားတာကို အရင်စစ်ဆေးဖို့ပါပဲ၊ ရံဖန်ရံခါ လိုင်းပြသာနာ အချို့ဟာအိမ်ထဲမှာပဲ ဖြစ်နေတတ်ပါတယ်၊ အိမ်ထဲမှာ Splitter နဲ့လိုင်းကြိုး သွယ်တန်းမှု မှန်မမှန် phone wall plug, connection box, indoor wire များကောင်းမကောင်း အရင်စစ်ဆေးသင့်ပါတယ်၊ မသင်္ကာရင် အရင်လဲလှယ်ကြည့်သင့်ပါတယ်၊

-         မိုဒမ်ကို ပါဝါဖွင့်လိုက်ရင် ဖုံးလိုင်းမှာ ဆူညံသံများကြားရခြင်း၊
-         အင်တာနက်အသုံးပြုနေရင် ဖုံးလိုင်းမှာ ဆူညံသံများကြားရခြင်း၊
-         ဖုံးလိုင်းခွဲတစ်ခုခုမှ ဖုံးမလိုက်ရင် အင်တာနက် connection ပြုတ်သွားခြင်း၊
စတဲ့အချက်တွေ ကြုံတွေ့နေရရင်တော့ Modem + Splitter + Phone တပ်ဆင်မှု တခုခုတော့ အစီအစဉ် မှားယွင်းနေပြီ လို့ သေချာပြောနိုင်ပါတယ်။
အသုံးပြုတဲ့ဖုံးလိုင်းဟာ Splitter နောက်ကနေပဲ လိုင်းခွဲဖို့လိုပါတယ်၊ Splitter ရှေ့ကနေ လိုင်းခွဲထားမိရင် လိုင်း Connection မကြာခဏပြုတ်တာ၊ လိုင်းလုံးဝမချိတ်တာ စတဲ့ ပြသာနာများ မလွဲမသွေကြုံရပါမယ်၊ ဒီအချက်ဟာတော်တော် အရေးကြီးပါတယ် အသုံးပြုသူတွေ တော်တော်များများ မှားတတ်ကြပါတယ်၊ Modem + Splitter + Phone Handset + Line Extension မှားရင်သေချာပေါက် Connection မကောင်းနိုင်ပါဘူး၊ အောက်ပုံမှာ မှန်ကန်တဲ့ မိုဒမ်၊ splitter, ဖုံးလိုင်းခွဲ၊ ကွန်ပျူတာ တပ်ဆင်ပုံကို ပြထားပါတယ်။
Fig-6 Correct-ADSL-Installation
Fig-6 Correct-ADSL-Installation
အောက်ပုံ-7 မှာ မှားယွင်းတဲ့ ဖုံးလိုင်းခွဲ တပ်ဆင်ပုံကို ပြထားပါတယ်၊ ဖုံးဟင်းဆက်-၂ ဟာ splitter ရှေ့မှာ ရောက်နေပါတယ်၊ ဒီလိုင်းခွဲ ရှိနေရင် Connection မကောင်းနိုင်ပါဘူး။
Fig-7 Uncorrect-ADSL-Installation-1
နောက်တစ်ခုက အသုံးမပြုတဲ့ Line Extension တစ်ခုခုရှိနေတာပါပဲ၊ အိမ်ထဲမှာ လိုင်းခွဲထားတယ် လိုင်းခွဲမှာ phone handset တော့တပ်မထားဘူးဆိုတဲ့ လိုင်းခွဲမျိုး ရှိနေရင်လဲ သေချာပေါက် Connection ကို အနှောက်အယှက်ပေးနိုင်ပါတယ်၊
Fig-8 Uncorrect-ADSL-Installation-2
Fig-8 Uncorrect-ADSL-Installation-2
နောက်တစ်မျိုးရှိပါသေးတယ်၊ ကုပ္မဏီ နေအိမ်ဝင်းခြံထဲမှာ အဆောက်အဦ တစ်ခုထက်ပိုရှိနေလို့ အိတ်ချိန်းကနေလာတဲ့ ဝါယာကို အဆောက်အဦထဲ မဝင်ခင် အပြင်ထဲက တခြားအဆောက်အဦ တစ်ခုဆီကို လိုင်းခွဲထားတယ် ဆိုရင်လဲ Connection မကောင်းနိုင်ပါဘူး။
Fig-8 Uncorrect-ADSL-Installation-3
Fig-8 Uncorrect-ADSL-Installation-3

Ref: 

Oakkar7's Blog

0 comments:

Post a Comment