Everything About IT Notes

Wednesday, August 8, 2012

မြန်မာပြည်တွင် အသုံးပြုနိုင်မှုအခြေအနေ (WiMAX in Myanmar)

မြန်မာပြည်တွင် အသုံးပြုနိုင်မှုအခြေအနေ (WiMAX in Myanmar)


WiMAX ကို မြန်မာပြည်မှာ RedLink ကုပ္မဏီကနေ 2008 မှာ စတင်မိတ်ဆက်ပါတယ်၊ လက်ရှိသုံးစွဲသူတွေလဲ ရှိပါတယ်၊ ရန်ကုန်နဲ့ မန္တလေး နှစ်မြို့မှာ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ တောင်ကြီးမြို့မှာ လဲ တိုးချဲ့တပ်ဆင်နိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်၊ ရရှိနိုင်တဲ့ Plan, Speed နဲ့ တပ်ဆင်ခ၊ လစဉ်ကြေးတွေကတော့ အောက်ပါဇယားမှာ ကြည့်နိုင်ပါတယ်။

Plan Monthly FEE (FEC) Free Email Account Maximun Attached Devices Speed (MIR)
Consumer 45 1 1 PC + 1 VoIP 128 kbps
Enterprise 75 3 4 PC + 1 VoIP 256 kbps
Corporate 130 25 12 PC + 2 VoIP 512 kbps
ကနဦးတက်ဆင်ခ
WiMax Activation Fee        –        840 FEC
WiMax Annual Fee             -        60 FEC
WiMax Equipment Fee       -        600 FEC
Total                              -        1,500 FEC
လျှောက်လွှာပုံစံ နှင့် အခြားအချက်အလက်များ
http://www.redlink.net.mm/images/application-form.pdf
http://www.redlink.net.mm/index.php

WiMAX ရဲ့ နောင်လာမယ့် Futures, Events and promise

  • လက်ရှိတော့ WiMAX မိုဘိုင်း Products, Supplier, Service Provider အရေအတွက်ဟာ နည်းနေပါသေးတယ်၊ လာမယ် 4G နည်းပညာခေတ်မှာ အများအပြား ရှိလာအောင် ကတိပေးထားပါတယ်။
-         802.20
  • WiMAX Forums ဟာ နောက်လာမယ့် Long Distance, W-WAN, 4G စံနစ် အားလုံးကို ခြုံငုံဖို့ 802.20 standard ကိုဆက်လက်အတည်ပြုဖို့ကြိုးစားနေတယ် 8002.20 ဖြစ်လာရင်လဲ လက်ရှိ 802.16 ဟာ တိမ်မြုတ်သွားမှာ မဟုတ်ပါဘူး …
-         MIMO
  • ပိုပြီး Advanced ဖြစ်တဲ့ antenna system တွေကို တွဲဆက်အသုံးချဖို့ developer တွေကြိုးစားနေပါတယ်၊ MIMO ဆိုတာက Multi-In-Multi-Out ပေါ့ အကြမ်းဖျဉ်းပြောရရင် system တစ်ခုမှာ antenna, transmitter, receiver တွေတစ်ခုထက်ပိုပြီး တပြိုင်နက် အသုံးပြုတာပါ လွှင့်တဲ့ဖက်ကလဲ သုံးခုတစ်ပြိုင်နက်လွင့်ပြီး ဖမ်းတဲ့ဖက်ကလဲ သုံးခုတစ်ပြိုင်နက်ဖမ်းရင် ရတဲ့ Speed က သုံးဆမကတိုးလာတာပေါ့၊ (ဥပမာ WiFi 802.11n မှာ MIMO စံနစ်ကို အသုံးချပြီး Speed 300 Mbps လောက်ရတဲ့ Product တွေရှိနေပါပြီ)။

WiMAX ရဲ့ Limitations တွေကရော …

  • WiMAX ဟာ 3G Technology တွေနဲ့နှိုင်းယှဉ်လိုက်ရင် Mobility rate နိမ့်နေသေးတယ်လို့ပြောရမယ် Mobile technology ထဲမှာ CDMA ဟာ mobile rate အမြင့်ဆုံးပဲ 350 km/hr လောက်ရနိုင်တယ်၊ ဥပမာ တနာရီ 350  km အမြန်နှုံးလောက် မောင်းနေတဲ့ ရထားပေါ်မှာ သုံးလို့ရနိုင်တယ် မြန်လာလို့ လိုင်းပြုတ်မသွားဖူး၊ GSM မျိုးဆက်ဟာ 250 km/hr လောက်အမြင့်ဆုံးရနိုင်ပါတယ် WiMAX ကတော့ 120 km/hr လောက်ပဲ Grantee ပေးနိုင်သေးတယ်။
-         Hand-Off
  • Hand-Off ဆိုတာ mobile devices တွေ Coverage cell တစ်ခုကနေ တစ်ခုကို ရွေ့လျားတဲ့နေရာမှာ base station တစ်ခုကနေ နောက်တစ်ခုကို mobile device ရဲ့အချက်အလက်ကို ချောချောမွေ့မွေ့ လွှဲပြောင်းပေးတဲ့ နည်းပညာပါ  WiMAX ရဲ့ Hand-Off Method ဟာ ကျန်တဲ့နည်းပညာတွေလောက် Smooth မဖြစ်သေးဘူး။
-         Roaming
  • GSM လို local. global Roaming ရဖို့ service providers တွေကြိုးစားညှိနှိုင်းရဦးမှာပါ

WiMAX ဟာ 3G ပဲလား ဒါမှမဟုတ် 4G Technology လား …

မကြာခဏ မေးကြပါတယ်..3G, 4G ဆိုတာကရော ဘာတွေလဲတဲ့ …
အရင်ဆုံး ဒီ 3G,4G ဆိုတာတွေကို ပြောပါရစေ၊ ဒီ အခေါ်အဝေါတွေဟာ Telecom Industry/Service ကနေလာတာပါ၊ အဓိကကတော့ Mobile Communication တွေကို ပိုင်းခြားတဲ့အခါ မျိုးဆက် (Generation) နဲ့ပိုင်းခြားပါတယ်၊ 1st generation..2nd generation, 3rd Generation စသည်ဖြင့်ပေါ့၊ 3G,4G က G ဆိုတာ ဒါကိုရည်ညွှန်းတာပါ၊ မိုဘိုင်းဆက်သွယ်ရေး နည်းပညာလို့ ဆိုတဲ့အတွက် လိုင်းကိုအသုံးပြုတဲ့ နည်းပညာတွေဟာ ဒီအထဲမှာ အကျုံးမဝင်ပါဘူး၊ 3G,4G လို့ ပြောချင်ရင် Mobile communication ဖြစ်ရပါမယ်။
မိုဘိုင်းဆက်သွယ်ရေး နည်းပညာရဲ့ ပထမဆုံးမျိုးဆက် 1980 လောက်က Analog မိုဘိုင်းဖုံးတွေဟာ 1G လို့ခေါ်ရပါမယ်၊ အဓိကကတော့ Cellular ဖုံးတွေပေါ့၊ မြန်မာပြည်ရဲ့ ပထမဆုံး Cellular မိုဘိုင်းဖုံးတွေဟာ 1G ပါပဲ၊ Data Access မရသေးပါဘူး၊
1995 လောက်မှာတော့ ဒုတိယမျိုးဆက် Digital Cellular တွေ ပေါ်လာပါတယ်၊ SMS,Email လို service တွေရလာပါပြီ၊ ဒီဖုံးတွေ ကိုတော့ 2G လို့ သတ်မှတ်ပါတယ်၊
3G မရောက်ခင် ကြားထဲမှာ Internet ဟာ တရှိန်ထိုး တိုးတက်လာပါတယ်၊ လက်ရှိ 2G မိုဘိုင်းဖုံးတွေကို Data/Internet သုံးဖို့ ကြံဆလာပြီး 2.5G, 2.75G လို့ခေါ်ရမဲ့ နည်းပညာတွေလဲ ပေါ်ပေါက်လာပါသေးတယ်၊ တကယ်တန်း GSM နည်းပညာဟာ တကမ္ဘာလုံး တိုးတက်သုံးစွဲနေကြပေမယ် High Speed Data ရဖို့ကတော့ နည်းပညာကိုယ်တိုင်က bottle neck ဖြစ်လို့နေခဲ့ပါတယ်၊ ပြသာနာက GSM channel တစ်ခုရဲ့ speed ဟာ 8~20 kbps လောက်ပဲရှိပါတယ်၊ အရင်ကတော့ Radio Channel Bandwidth ကိုချွေတာဖို့ ဒီ Speed ဟာ အသံအတွက် အဆင်ပြေပေမယ့် Data သုံးစွဲဖို့ကတော့ ဘယ်လိုမှ အဆင်မပြေတော့ ပါဘူး၊ ဒါကြောင့် ၂၀၀၀ လောက်မှာ  (General Packet Radio System) လို့ခေါ်တဲ့ နည်းပညာကို လက်ရှိ GSM နက်ဝပ်တွေမှာ ပေါင်းထည့် အသုံးပြုလာပါတယ်၊ GPRS ဆိုတာကတော့ သိပ်ထူးထူးဆန်းဆန်းကြီး မဟုတ်ပါဘူး၊ လက်ရှိ GSM ဖုံးတွေမှာ အင်တာနက်သုံးစွဲရင် channel ကို နှစ်လိုင်း..သုံးလိုင်းပေါင်းပေးတာပါ၊ ဥပမာ 4+1 GPRS ဆိုရင် Downlink အတွက် channel ၄ ခု၊ Uplink အတွက် channel ၁ ခု ပေါင်းပေးလိုက်တာပါပဲ၊ ဒီလို ပေါင်းပေးတဲ့အတွက် GPRS ဟာ အမြင့်ဆုံး 144 kbps speed ကို ရရှိနိုင်ပါတယ်၊ ဒါကြောင့် ဒီ GPRS ကို 2.5G လို့ပဲ ခေါ်ကြပါတယ်။
ဒီနေရာမှာ စကားစပ်မိလို့ ပြောရရင် လက်ရှိ GSM နည်းပညာဟာ 3G/4G ကို လှမ်းတက်ဖို့ အခက်အခဲ တော်တော်ကြီး ရှိပါတယ်၊ ဥပမာ GPRS ရဲ့အားနည်းချက်ဟာ သုံးစွဲသူကို channel တွေ ၃.. ၄ ခု ပေါင်းပေးရတာကြောင့် channel ကျပ်တဲ့ ပြသာနာ ရှိပါတယ်၊ ဒါကြောင့်လဲ သုံးစွဲခက ဈေးကြီးလာရပြန်ပါတယ်၊ GSM ဟာ Channelized လို့ခေါ်တဲ့ သုံးစွဲသူကို သီးခြား channel တစ်ခုစီ ချိတ်ဆက်ရတဲ့ နည်းပညာဖြစ်တဲ့အတွက် High Speed ရဖို့အတွက် ကန့်သတ်ချက်တွေ ရှိနေပါတယ်၊ တကမ္ဘာလုံး အသုံးအများဆုံး နည်းပညာဖြစ်နေသလို လက်ရှိစနစ်တွေကို မဖြုတ်သိမ်းပဲ တိုးမြှင့်ဖို့ (Upgraded) အခက်အခဲ ရှိနေပြန်ပါတယ်၊ 2003 လောက်မှာ 236.8 kbps speed ရတဲ့ Enhanced GPRS လို့လဲခေါ်တဲ့ EDGE (Enhanced Data rate for GSM Evolution) ကို ထပ်မံ မိတ်ဆက်ခဲ့ပေမယ့် တဖက်က 3G နည်းပညာတွေ တိုးတက်လာတဲ့ အခါ EDGE ဟာလဲ ထင်သလောက် မပေါက်ခဲ့ပါဘူး၊( မြန်မာနိုင်ငံမှာတော့ GSM ကိုလူတွေ ပိုကြိုက်ကြပါတယ် CDMA ကမကောင်းဘူးလို့ ပြောကြတာတွေ မကြာခဏကြုံဘူးပါတယ်၊ ဘာမကောင်းတာလဲမေးရင် သေချာမပြောနိုင်ကြပါဘူး၊ တကယ်တန်း ဖုံးခေါ်ဆိုမှု Voice ပဲသုံးရင်တောင် အသံအရည်အသွေးဟာ CDMA ကပိုကောင်းပါတယ်၊ တကယ်လို့များ တနေ့နေ့ Data သုံးဖို့ဖြစ်လာကြရင် ဘယ်လိုဖြစ်မလဲ တွေးမိပါတယ်)
၂၀၀၀ နောက်ပိုင်းမှာ CDMA နည်းပညာဟာ တဟုန်ထိုးတက်လာပြီး GSM ရဲ့ဈေးကွက်ကို ယှဉ်ပြိုင်လာပါတယ်၊ CDMA ရဲ့ အဓိကအားသာချက်ကတော့ 3G ready ဖြစ်တာပါပဲ၊ Data Speed ကို လိုသလို Scaleable ဖြစ်နိုင်တာဟာ အင်တာနက်ခေတ်မှာ Service Provider တွေရဲ့ ရွေးချယ်မှု တစ်ခုဖြစ်လာပါတယ်၊ W-CDMA, CDMA2000 စတဲ့ နည်းပညာတွေကမှ 3G လို့သတ်မှတ်နိုင်ပါတယ်၊ ဒီကနေဆင့်ပွားလာတဲ့ HSPA, EV-DO, UMTS စတဲ့နည်းပညာတွေ ရှိပါသေးတယ်။ အကြမ်းဖျင်း 3G နက်ဝပ် Connection တစ်ခုဲ့ Speed ဟာ အမြင်ဆုံး Downlink 14.4 Mbps နဲ့ Uplink 5.8 Mbps ထိရှိနိုင်ပါတယ်။
တစ်ခုရှိတာက 3G/4G ဒီလိုတွေပြောနေကြပေမယ့် ITU-T ကရော 3GPP အဖွဲ့တွေကရော 3G ဆိုရင်ဘယ်လို 4G ဆိုရင် ဘာ Specification တွေရှိရမယ်လို့ တိတိကျကျ သတ်မှတ်မထားပြန်ပါဘူး၊ ဒါတွေဟာ General Terms တွေပါပဲ၊
ဒါကြောင့် အကြမ်းဖျင်း ပြောရရင် 3G လို့ခေါ်ဖို့အတွက်
-         မိုဘိုင်းဖြစ်ရပါမယ်
-          High Speed Data , Tripple Play လို့ခေါ်တဲ့ Voice+Video+Data သုံးနိုင်ရပါမယ်
- Channel တစ်ခုချင်းသွားတဲ့ Circuit switched နဲ့ IP Addressing ကို Support လုပ်တဲ့ Packet Switching နှစ်ခုလုံး Hibrid အနေနဲ့ Support လုပ်ပါတယ်၊
4G လို့ခေါ်ဖို့အတွက်
-         အပေါ်က အချက်တွေအပြင်
-         Data Rate အနည်းဆုံး 100 Mbps ကို အမြန်နှုံးနဲ့ ရွေ့လျားနေချိန်မှာတောင် ရနိုင်ရမှာ ဖြစ်ပြီး အမြင့်ဆုံး 1Gbps speed ထိရနိုင်ပါမယ်
-         အရေးကြီးဆုံးအချက်က လုံးဝ IP Network (IPV4, IPV6) ကိုသာ အခြေခံမှာ ဖြစ်ပြီး only Packet Switching Network ဖြစ်ပါတယ်၊
-         နောက် ဆားဗစ်အနေနဲ့ Voice+Video+Data ဆက်သွယ်မှုအပြင် Entertainment လို့ခေါ်တဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကိုပါ သုံးနိုင်မှာ ဖြစ်ပါတယ် (ဒါကတော့ ဆားဗစ်ပိုင်းပါ Technical Spec တော့လဲမဟုတ်လှပါဘူး ..ဒါပေမယ့်လဲ HD ဗွီဒီယိုတွေကို ဟင်းဖုန်းနဲ့ Laptop နဲ့ ချိတ်ပြီးကြည့်မယ်ဆိုရင်လဲ တကယ့် High Speed Connection နဲ့မှ ရမှာပါပဲ၊ 3G Speed လောက်နဲ့မလုံလောက်သေးဘူး)
4G ဟာ ခုချိန်ထိ ဈေးကွက်ကို ပီပီပြင်ပြင် မရောက်သေးပါဘူး၊ LTE, EV-DO, HSPA စတဲ့နည်းပညာတွေဟာ ယှဉ်ပြိုင်နေဆဲပါပဲ။
နောက်ဆုံးမေးခွန်း WiMAX ဟာ 3G လား 4G လား ဆိုတာကို ဖြေဖို့လိုလာပါပြီ၊ ITU-R အဖွဲ့အစည်းဟာ 802.16d WiMAX Standard ကို 3G အနေနဲ့ သတ်မှတ်ပါတယ်၊ WiMAX mobile 802.16e ကိုတော့ 4G ဒါမှမဟုတ် Pre-4G အနေနဲ့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

WiFi နဲ့ WiMAX ဘာတွေကွာပါသလဲ?

WiFi ကတော့ အဓိက local Area Networking အတွက်ပဲရည်ရွယ်တာလေ.. သူက IEEE 802.11 Standard အောက်မှာရှိတာ (IEEE -Institute of Electrical and Electronics Engineers) WiFi က အကွာအဝေး မီတာ ၇၀ အောက်မှာပဲရနိုင်တယ်၊ WiFi မှာ QOS လို့ခေါ်တဲ့ bandwidth/performance နဲ့သက်ဆိုင်တဲ့ Control Mechanism မပါရှိပါဘူး၊ ဥပမာ Client တစယောက်ဟာ WiFi Access Point နဲ့နီးရင် ပိုပြီးတော့ bandwidth ရမှာဖြစ်ပြီး ပိုဝေးတဲ့ Client ကတော့ bandwidth/performance ကျဆင်းသွားမှာ ဖြစ်ပါတယ်၊ WiMAX ကတော့ IEEE 802.16 Standard WiMAX က W-MAN (Wireless-Metropolitan Area Network) အတွက်သုံးတာပါ၊  data rate လဲကွာတယ် WiMAX Link တစ်ခုရဲ့ data rate က up-to 70 Mbps လောက်ထိရနိုင်ပါတယ၊် ဒါကတော့ Technical အရပြောတဲ့ speed ပေါ့လေ တကယ် End-User သုံးနိုင်တဲ့ speed ကတော့ service provider ပေါ်မှာလဲ မူတည်တာပေါ့၊ နီးနီးဝေးဝေး Coverage Range ထဲမှာ ရှိနေရင်တော့ WiMAX ဟာ သုံးစွဲသူ တစ်ဦးချင်းကို Grantee bandwidth/performance ပေးနိုင်တဲ့ QOS ဖန်ရှင်ပါရှိပါတယ်၊
သတိပြုရမှာက WiFi/WiMAX ဆိုပြီးနာမည်ခြင်းဆင်နေပေမယ့် နည်းပညာခြင်းရော အသုံးပြုပုံခြင်းရော ဒီနှစ်ခုဟာ တခြားစီပါပဲ၊ တကယ်တမ်း နာမည်ဆင်တူနေလို့ မေးနေကြပေမယ့် နှိုင်းယှဉ်စရာ မဟုတ်ပါဘူး။

ဘယ် Frequency Band တွေကိုသုံးပါသလဲ ..

-         အဓိက အနေနဲ့ 2.3, 2.5, 3.5, 5.8 GHz  bands တွေကို သုံးပါတယ်၊
-         2005, IEEE မှာ 2~66 Ghz band (2~11, 10~66 GHz) အနေနဲ့ ထပ်မံတိုးချဲ့ ထားပါတယ်၊ (ဒီ bandwidth ဟာ တော်တော်ကြီးကို ကြီးတဲ့အတွက် ဒီဖရီကွင်စီ အားလုံးအတွက် Equipments ဈေးကွက်ဝင် မထုတ်နိုင်ကြသေးပါဘူး)
-         3.5 GHz Frequency bands ဟာ ပထမဆုံး ဈေးကွက်ဝင် WiMAX Products တွေမှာ အသုံးများပါတယ်၊ License Free Bands (ISM) လို့ အသိများတဲ့ 5.8GHz Bands ဟာ လဲ ဆားဗစ်ပေးသူတွေ အကြိုက်များပါတယ်။
Frequency Band တစ်ခုစီအတွက် channel size ကတော့ 3.5 MHz, 5 MHz, 7 MHz and 10 MHz တွေရှိနိုင်ပါတယ်။

WiMAX နက်ဝပ်အသုံးပြုပုံများ

နောက်တစ်ခုက WiMAX ကိုသုံးကြတဲ့နေရာမှာ Network Design ကအမျိုးမျိုးဖြစ်နိုင်တယ် ခုပြောခဲ့တာက Point-to-Multi Points အနေနဲ့အဓိက Internet connection လိုမျိုး Service တွေမှာသုံးတာ နောက်တစ်မျိုးအနေနဲ့ Point-to-point Backhaul အနေနဲရော backbone အနေနဲ့ပါသုံးလို့ရသေးတယ်၊ ဒါကလဲ WiMAX ရဲ့အားသာချက်လို့လဲပြောလို့ရပါတယ် Wireless Network တွေကိုချဲ့ထွင်တဲ့နေရာမှာ Base Station တစ်ခုရဲ့ Uplink ကို သီးခြားမယူပဲ နီးရာ Base Station ကနေ ချိတ်ဆက်ပြီး Backhaul အနေနဲ့ သုံးနိုင်ပါတယ်။ နောက် Corporate Network တွေမှာလဲ WiMAX ကို Mesh-Network အနေနဲ့သုံးလို့ရပါသေးတယ်။ အောက်ပုံမှာ WiMAX နည်းပညာ တစ်မျိုးထဲနဲ့ ကုပ္မဏီများ၊ အစိုးရရုံးများ Mesh ချိတ်ဆက်ထားတာ၊ အင်တာနက်ဆားဗစ်အတွက် Base Station ကနေ သုံးစွဲသူများ ချိတ်ဆက်တာ၊ Station အချင်းချင်း Backbone အနေနဲ့ အသုံးပြုထားတာ တွေ့နိုင်ပါတယ်။
WiMAX-Networks
Fig-WiMAX ဖြင့် P2P, M2MP, Mesh နက်ဝပ်များချိတ်ဆက်ပုံ

WiMAX ရဲ့ System Architecture …

WiMAX Forum ကနေ system design ကို ဒီပုံစံနဲ့ပြပါတယ် ဒါကတော့ Point to Multipoint Network Structure လို့ပြောရပါမယ် …
Wireless Network တွေရဲ့ထုံးစံအတိုင်းပါပဲ Mobile ဒါမှမဟုတ် fixed subscribers units တွေရှိမယ် ပုံမှာ SS/MS လို့ပြထားတယ် နောက် ဒီ subscribers တွေချိတ်ဆက်ရမယ့် Access Point Network (ASN) ရှိရမယ် ASN တွေကတစ်ခုထက်ပိုရင် ASN အချင်းချင်းလဲ ချိတ်ဆက်ထားမယ် ဒီ Base Station (BS) တွေ ASN တွေကို provide လုပ်တာက Network Access Provider (NAP) ပေါ့ ဒီမှာတော့ ဥပမာ Red Link ပေါ့။
နောက် Inter Net Gateway ဆီကိုသွားမဲ့ Uplink backbone Network တစ်ခုရှိမယ် Fiber connection ပဲဖြစ်ဖြစ် Point-to-Point Radio link ပဲဖြစ်ဖြစ်ပေါ့ ဒါကို Connectivity Service Network (CSN) လို့သုံးနှုံးပါတယ် ဒီမှာတော့ ဥပမာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပေါ့ ဒီကတဆင့် Internet Gateway ကို သက်ဆိုင်ရာ ISP ကနေတဆင့် သွားပါမယ် ဒီမှာတော့ ဥပမာ Teleport ပေါ့ ။
Fig-7 WiMAX System Block Source: WiMAX Forum
Fig-7 WiMAX System Block Source: WiMAX Forum

WiMAX ရဲ့ Technology Overview

အဓိကနှစ်ပိုင်းခွဲပြောရမယ် System Design နဲ့ Network design ပေါ့ System Design မှာ Air interface..Radio technology ပိုင်းပေါ့လေ Wireless Networking လုပ်မယ်ဆိုရင် အရင်ဆုံး frequency band တစ်ခုနဲ့ Technology တစ်ခုတော့ ရှိရမှာပေါ့ system တစ်ခုရဲ့ performance ဘယ်လောက်ကောင်းသလဲဆိုတာ ဒီ band ကို multiple users တွေမျှဝေသုံးစွဲတဲ့နေရာမှာ ဘယ်လောက် efficient ဖြစ်အောင်သုံးနိုင်လဲဆိုတဲ့နည်းပညာပေါ် မူတည်တာပေါ့ ဒီလို Frequency band တစ်ခုထဲကို user အများကြီးသုံးစွဲနိုင်အောင်လုပ်ပေးတာကို Multiplexing လုပ်တယ်လို့ခေါ်တာပါတယ် မျှဝေသုံးစွဲနိုင်အောင်လုပ်ပေးတာက Multiple Access လို့သုံးနှုံးပါတယ်၊
WiMAX မှာသုံးစွဲတဲ့ Multiplexing Method က OFDM (Orthogonal Frequency Division Multiplexing) ပါ Wide band digital communication မှာသုံးတဲ့ နည်းပညာတစ်ခုပေါ့ ပုံမှန် communication method တွေမှာ data ကိုသယ်ဆောင်ဖို့ carrier frequency တစ်ခုကိုပဲသုံးတာများတယ် OFDM ကတော့ သူ့ frequency band ထဲမှာ carrier frequency အသေးလေးတွေ ထပ်စိတ်ပြီး သယ်ဆောင်တဲ့ Multiple carrier, Multi Paths နည်းပညာလို့ အကြမ်းဖျဉ်းပြောရမှာပါ ..သယ်မဲ့ Data က လမ်းကြောင်းတွေအများကြီးခွဲပြီး Parallel Data Stream အဖြစ်သယ်ဆောင်ပါတယ် Far End ကျမှ မူရင်း data ရအောင် အားလုံးကိုပြန်ပေါင်းယူတာပေါ့။ အောက်ပုံမှာ ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်းတွေ အလုပ်လုပ်ပုံနဲ့ OFDM နဲ့ နှိုင်းယှဉ် ရှင်းလင်းပြထားပါတယ်။
Fig-5 ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်းနှင့် OFDM
Fig-5 ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်းနှင့် OFDM
အဓိက OFDM ရဲ့အားသာချက်က Noise ကို ခုခံနိုင်တာနဲ့ channel efficiency ကောင်းတာပါပဲ wireless communication မှာ အကွာအဝေးများလာတာနဲ့အပြိုင် noise တက်လာမယ် channel efficiency ကျလာပြီး data error များလာမယ် error rate မြင့်လာရင် data rate ကျလာမယ် ဒါတွေက မလွဲမသွေ ကြုံရမှာပါပဲ သုံးတဲ့ frequency band ကျယ်လာတာနဲ့အမျှ attenuation လို့ခေါ်တဲ့ frequency ရဲ့ခုခံမှုကမြင့်လာတယ် OFDM မှာက မူရင်း carrier frequency ကို sub-carriers အဖြစ်ခွဲလိုက်တော့ သူက narrow band လေးတွေအဖြစ်သွားတယ် ဒါကြောင်း channel attenuation နဲတယ် multiple paths နဲ့သွားနိုင်တဲ့အတွက် Line of sight ရော Non line of sight ရောပါသုံးနိုင်တယ်၊ အောက်ပုံမှာ တုက်ရိုက် (Line of Sight) နဲ့ တဆင့်ခံ (Non Line of Sight) signal လမ်းကြောင်းတွေ အလုပ်လုပ်ပုံ ကို ရှင်းပြထားပါတယ်၊ ပုံမှာ သုံးစွဲသူ-၁ ဟာ Base Station နဲ့ တိုက်ရိုက် ချိတ်ဆက်လို့ရ နေပါတယ်၊ သုံးစွဲသူ-၂ ကျတော့ Station နဲ့ သူ့အိမ်နဲ့ကြားမှာ သစ်ပင်၊ အဆောက်အဦ စတဲ့ အတားအဆီး (Obstacles) တွေ ခံနေပါတယ်၊ ဒါကြောင့် ပုံမှန်ဆက်သွယ်မှုအရဆိုရင်  Signal ကောင်းကောင်းမမိနိုင်ပေမယ့် ဘေး အဆောက်အဦတွေကို ရိုက်ခန်ပြီး (Reflected) ပြန်လာတဲ့ Signal paths တွေကို ပြန်လည်စုစည်းပြီး (Non-Line of Sight) အနေနဲ့ သုံးစွဲလို့ ရနိုင်ပါတယ်။
Fig-6 တိုက်ရိုက်နှင့်တဆင့်ခံလမ်းကြောင်းများ (LOS and NLOS)
Fig-6 တိုက်ရိုက်နှင့်တဆင့်ခံလမ်းကြောင်းများ (LOS and NLOS)

WiMAX ဆက်စပ်ပစ္စည်းများ


ဝိုင်မက်စ် devices တွေကို အခြေပြုစခန်းယူနစ် နဲ့ သုံးစွဲသူယူနစ်တွေ လို့ အကြမ်းခွဲခြားနိုင်ပါတယ်၊ အခြေပြုစခန်းပစ္စည်းတွေကတော့ ဝန်ဆောင်မှုပေးတဲ့အဖွဲ့က စခန်းတွေ (base station) တွေမှာ တပ်ဆင်ဖို့ပါ၊ အများအားဖြင့် IDU(Indoor Unit), ODU(Outdoor unit) တွေဖြစ်ပါတယ်၊ အောက်မှာ WiMAX equipment တွေကိုပြထားပါတယ်။
Fig-4 WiMAX Devices
Fig-4 WiMAX သုံးစွဲသူယူနစ်များ
သုံးစွဲသူယူနစ်တွေ အနေနဲ့ကတော့ အထိုင်စက်(Fixed)၊ မိုဘိုင်းယူနစ်(Mibile CPE)၊ ဝိုင်မက်စ် ဖန်ရှင်ပါတဲ့ ဖုံးဟင်းဆက်၊ ဝိုင်မက်စ်ကဒ်၊ PDA၊ Laptop စတာတွေ ဖြစ်ပါတယ်။
Airmux-ODUwimax-cpezyxel-max-200-wimax-modem
nokia-n810-wimax-phoneMotoExperience
Fig-4 WiMAX သုံးစွဲသူယူနစ်များ

Ref: http://internet1500.blogspot.com/2012_06_01_archive.html

0 comments:

Post a Comment