PATA မှာ Hard Disk နှစ်လုံး တပ်မယ်ဆိုလျင်
ကဲအခုပြောပြမယ့်အကြောင်းအရာကတော့
ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Hard Diskတပ်ဆင်ခြင်းအကြောင်းပဲ ဖြစ်ပါတယ်။
Hard Disk တပ်ဆင်အကြောင်းမှာမှ IDE (Pata) Cableကြိုးတစ်ကြိုးမှာ Hard Disk
နှစ်လုံးကို တွဲပြီးတော့တပ်ဆင်မယ့် အကြောင်းဖြစ်ပါတယ်။PATA IDE Cable
ကြိုးတစ်ကြိုးမှာ Hard Disk တစ်လုံးကို တပ်ဆင်မယ်ဆိုလျင်တော့ဘာမှမခက်ဘူးလေ။
ဒါပေမယ့် တကယ်လို့များ မိမိလုပ်ငန်းမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် Hard
Disk နှစ်လုံးတပ်ဖို့လိုလာပြီ ဆိုလို့ရှိရင် ဘယ်လိုလုပ်မလဲ။ Hard Disk
နှစ်လုံးတပ်ရတော့မယ်။
အခုပြောမှာက IDE (Pata) Cable
ကြိုးတစ်ကြိုးမှာ Hard Disk
နှစ်လုံးတပ်ဆင်မယ်ဆိုလို့ရှိရင်ဘယ်လိုတပ်ဆင်မလဲဆိုတာကို ပြောပြမှာပါ။
ကွန်ပျူတာတစ်လုံးမှာ Hard Disk နှစ်လုံးကိုတပ်ဆင်တော့မယ်ဆိုလို့ရှိရင်
ပထမဦးဆုံး ဘာတွေလုပ်ရမလဲ။ ဘယ်ဟာကို အရင်ဆုံး တပ်ဆင်ရမလဲ ဆိုတာကအစ
အသေးစိတ်ပြော ပြပေးမှာပါ။ ဒီတော့
ဘာမှစိုးရိမ်စရာအကြောင်းလည်းမရှိတော့ဘူးပေါ့။ အခုမှ ၀ယ်လာတဲ့ ကွန်ပျူတာ
တစ်လုံးမှာ Hard Diskအသစ်နှစ်လုံးကို တပ်ဆင်မယ့်
ပုံစံကိုပြောပြမှာဖြစ်ပါတယ်။
“ဟာ ဒါက ငါ့အတွက်မလိုပါဘူးကွာငါ့အလုပ်မှာ
Hard Disk နှစ်လုံး တပ်စရာမလိုပါဘူး”လို့ မပြောလိုက်ပါနဲ့။ တကယ်လို့
လိုလာရင်ဘယ့်နှယ်လုပ်မလဲ။ ဒီတော့ အခုလောလောဆယ် မိမိရဲ့ ကွန်ပျူတာမှာ Hard
Disk နှစ်လုံးတပ်စရာမလိုဘူးဆိုပေမယ့် နောက်ပိုင်း ကိုယ့်ရဲ့ စက်မှာ Hard
Disk နှစ်လုံးတပ်ဖို့လိုအပ်လာရင်သူများတွေဆီမှာ သွားမေးနေစရာမလိုရအောင်၊
လိုအပ်ရင် လိုအပ်တဲ့ အချိန်မှာချက်ချင်းတပ်ဆင်လို့ရအောင် သေသေချာချာ
မှတ်ထားနော်။ Pata Cable ကြိုး တစ်ချောင်းတည်းမှာHard Disk
နှစ်လုံးတပ်ဆင်လိုက်ခြင်းအားဖြင့် ဘယ်လိုမျိုး Effect တွေရှိနိုင်သလဲ
ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရမယ်လေ။ ကြိုးတစ်ကြိုးတည်းမှာ Hard Disk
တစ်လုံးတပ်တာကဘာမှကိစ္စမရှိဘူး။
ဒါပေမယ့်လို့ တစ်ခါတစ်လေ
ကြိုးနှစ်ချောင်းမရှိတဲ့အခါတို့၊ ဒါမှမဟုတ်ကိုယ်က ကြိုးတွေရှုပ်မှာစိုးလို့
ကြိုးတစ်ချောင်းပဲသုံးချင်တယ်ဆိုလို့ရှိရင် Pata
Cableကြိုးတစ်ချောင်းတည်းနဲ့ Hard disk နှစ်လုံးတပ်လို့ရအောင်
တပ်ဆင်ပုံတပ်ဆင်နည်းတွေကိုသိထားရမယ်။ ဒီတော့ ပြောချင်တာက Pata Cable ကြိုး
တစ်ချောင်းတည်းမှာ Hard Diskနှစ်လုံးတပ်ဆင်မယ်ဆိုရင် သူတို့ နှစ်ခုဟာ
တစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်နေကြလိမ့်မယ်။
ဂူတစ်ဂူမှာခြင်္သေ့နှစ်ကောင်အောင်းနေ သလိုမျိုးပေါ့။ တစ်ကောင်နဲ့တစ်ကောင်
ကိုက်နေကြလိမ့်မယ်။ ဒီမှာ HardDisk ဆိုတော့ ခြင်္သေ့လိုမျိုးတော့
မကိုက်ဘူးပေါ့။ ဒါပေမယ့် ကွန်ပျူတာစပြီး Boot တက်တက်ချင်းဘယ် Hard Disk
ကအရင်စပြီး Boot တက်ရမလဲဆိုတာ တိုက်နေတာပေါ့။ ဘယ် HardDisk က စပြီးBoot
တက်ရမလဲဆိုတာကို Hard Disk နှစ်လုံး စတင်တပ်ဆင်ကတည်းက ဘယ် Hard Disk
ကိုအရင် Boot တက်စေချင်သလဲ ဆိုတာကို ပြောပေးရပါတယ်။ အဲ့ဒီတော့
ဘယ်လိုပြောပေးရမှာလဲ။
အဲ့ဒီ Hard Disk နှစ်လုံးကို တစ်ခုနှင့်
တစ်ခု မတိုက်ရအောင်၊မပြိုင်ဆိုင်ရအောင်ဆိုပြီးတော့လုပ်ပေးရတဲ့ သဘောပေါ့။
ဘာလုပ်ပေးရမယ်ထင်သလဲ။ တပ်ဆင်မယ့်Hard Disk နှစ်လုံးကို Master နှင့် Slave
ဆိုပြီးတော့ ပြောပေးရပါတယ်။ ဘယ်လိုပြောပေးရသလဲ။ဘာလဲ။ Master/ Slave ဆိုတာက
ဘာကိုပြောတာလဲ။ Master /Slave ဆိုတာကကွန်ပျူတာတစ်လုံးတည်းမှာ Hard Disk
နှစ်လုံးတပ်တာဆိုတော့ တစ်လုံးကို Master ထားမယ်။နောက်တစ်လုံးကို Slave
ထားမယ်။ ဘာလို့ အဲ့လိုထားရတာလဲဆိုတာ ကို အသေးစိတ် ပြောပြမယ်။မှတ်ထားနော်။
Hard Disk တစ်လုံးကို Master ထားတယ်ဆိုတာက
အဲ့ဒီ Master ထားတဲ့ Hard Disk ကို မိမိ ရဲ့ကွန်ပျူတာကို စပြီး Boot
တက်တက်ချင်း အဲ့ဒီ Hard Disk ကို အရင် Bootတက်စေချင်လို့ထားတာဖြစ်ပါတယ်။
အဲ့သလိုမျိုး Hard Disk ကို Master နှင့် Slaveထားလိုက်ခြင်းအားဖြင့်
Master ထားလိုက်တဲ့ Hard Disk ကို Drive 0 လို့ခေါ်ပြီး Slave
ထားလိုက်တဲ့Hard Disk ကိုတော့ Drive 1 လို့ခေါ်ပါတယ်။ ဆိုလိုတာက
ကွန်ပျူတာမှာ တကယ်လာပေါ်လို့ရှိရင်မိမိကွန်ပျူတာရဲ့ My Computer မှာ Drive
Column တွေပေါ်နေတယ်လေ။ အင်း အဲ့ဒီ မှာဘယ်လိုပေါ်မယ်ထင်လဲ။ Drive C: နှင့်
Drive D: ဆိုပြီးတော့ပေါ်မှာပေါ့။ ဆိုလိုတာကကွန်ပျူတာစပြီး Boot တက်ရင်
Master Hard Disk ကနေမှ အရင်စပြီး Boot လုပ်မယ်။
Slave HardDisk ကနေ boot မတက်တော့ဘူး။
နားလည်မယ်နော်။ Memory ဟာ လိုအပ်တဲ့ အချက်အလက်တွေရှာတဲ့အခါမှာ Master
ထားလိုက်တဲ့ Hard Disk ကနေစပြီး အရင်ရှာမှာဖြစ်ပါတယ်။ ရှာစေချင်လို့
ဖြစ်ပါတယ်။ ပိုပြီးရှင်းအောင်ပြောရရင် Master Hard Disk မှာ
ကိုယ်အရင်ဦးဆုံး Data အချက်အလက် တွေလိုချင်တဲ့အခါ ဒါမမဟုတ် Windows
အရင်စတက်စေချင်တဲ့Hard Disk ကို Master ထားပေးတာကိုပြောတာပါ။ ဒီတော့
Master Hard Disk ကို First လို့ခေါ်ပြီးSlave Hard Disk ကို Second
လို့ခေါ်တာပေါ့။
ကဲ Hard Disk နှစ်လုံးကို ကွန်ပျူတာ
တစ်လုံးတည်းမှာ တပ်ဆင်မယ်ဆိုရင် သူတို့နှစ်ခုကိုMaster/Slave
ခွဲပေးရတယ်ဆိုတာသိပြီနော်။ ဘာကြောင့်အဲ့လိုခွဲပေးရတယ်ဆိုတာ သိမယ်နော်။
အဲသိပါပြီတဲ့။ ဘယ်လိုခွဲပေးရတယ်ဆိုတာကို မသိသေးဘူးလေ။ အော် ဟုတ်သားပဲ။
ဒါဆိုရင်ကွန်ပျူတာ တစ်လုံးတည်းမှာ Hard Disk နှစ်လုံးတပ်ဆင်မယ်ဆိုရင်
Master/Slaveခွဲပေးရတယ်ဆိုတာသိပါပြီ။ ဘာကြောင့်ခွဲပေးရတယ်ဆိုတာလဲသိပြီ။
ဒါဆိုဘယ်လိုခွဲပေးရ တယ်ဆိုတာကိုပဲ မသိသေးတာပေါ့နော်။
Master/Slave ခွဲဖို့အတွက် jumper
ချိုးပေးရပါတယ်။ ကဲ သိသွားအောင်လို့ပြောလိုက်တော့မယ်နော်။လာပါပြီဗျာ။
Jumper Setting လာပါပြီ။ ကဲ Hard Disk နှစ်လုံးတပ်ဆင်ဖို့အတွက် Jumper
settingချိုးရအောင်။ ဘယ်က Jumper ကိုချိုးမှာလဲ။ အရင်ဦးဆုံး Jumper
Setting မချိုးခင် ဘယ် HardDisk ကို Master ထားမှာလဲ၊ ဘယ် Hard Disk ကို
Slave ထားမှာလဲ ဆိုတာကို အရင်စဉ်းစားရမယ်နော်။
ကိုယ်အရင် boot တက်စေချင်တဲ့ Hard Disk ကို
Masterထားပေးလိုက်ပေါ့။ Jumper Setting တွေကို အဲ့ဒီ Hard Disk
ထုတ်လုပ်လိုက်တဲ့စက်ရုံကနေပြီးတော့ တစ်ခါတည်း သတ်မှတ်ပေးလိုက်တာပါ။
တစ်မျိုးနဲ့တစ်မျိုးတော့မတူတာတွေလည်း ရှိပါတယ်။ ဒီမှာ အခုပြောပြမှာက
အများဆုံး အသုံးပြုလို့ရတဲ့ Settingကို ပြောပြမှာပါ။ အဲ့သလိုမျိုး
မတူတာဆိုလို့ရှိရင်လည်း ဘာမှစိတ်ပူစရာ မရှိပါဘူး။ Jumper Settingတွေကို
Hard Disk ရဲ့အပေါ်မှာလည်း Manually ဖတ်ကြည့်လို့ရအောင်၊
ကိုယ့်ဘာသာကိုယ်တပ်ဆင်လို့ရအောင် ရေးပေးထားတာမျိုးရှိပါတယ်။ အဲ့ဒါကို
ဖတ်ပြီးတော့လည်း တပ်ဆင်လို့ရပါတယ်။
၁။ ကဲ Master/ Slave ခွဲတော့မယ်။ Hard
Disk ကို တပ်ဆင်ဖို့အတွက် ကွန်ပျူတာကို ဖွင့်လိုက်ပါ။ကွန်ပျူတာကို Power
ပေးထားတယ်၊ ဖွင့်ထားတယ်ဆိုရင်တော့ Power ကို
အရင်ပိတ်ပေါ့။အိမ်မီးပလပ်ပေါက်ကနေပြီးတော့ပါ တစ်ခါတည်း ကြိုးကို
ဖြုတ်ထားရမယ်နော်။ ကွန်ပျူတာကို Powerပိတ်ရုံနဲ့ မရဘူးနော်။ ကဲ Power
ကြိုးကို ဖြုတ်လိုက်ပါ။
၂။ ပြီးရင် မိမိကွန်ပျူတာရဲ့ Casing
ဖုံးကို ဖွင့်လိုက်ပါ။ Casing ဖုံး ကို ဖွင့်တာတော့ဖွင့်တတ်ပါတယ်နော်။Screw
Driver နဲ့ Casing မှာ တပ်ထားတဲ့ Screw လေးတွေကို ဖြုတ်လိုက်တာလေ။ ဒါဆို
Casingဖုံးကို ဖွင့်လိုက်ပါပြီ။ ပြီးရင် ဘာဆက်လုပ်ရအုံးမှာလဲ။
၃။ ကဲ Casing ဖုံးကို
ဖွင့်လိုက်ပြီးရင်တော့ မိမိရဲ့ ကွန်ပျူတာ Motherboard ပေါ်မှာ
ရှိတဲ့အစိတ်အပိုင်းတွေကို မြင်ရမယ်ပေါ့နော်။ အဲ့ဒီမှာ အဲ့ဒါတွေကို
ခဏထားလိုက်အုံး။
၎။ ကိုယ်တပ်ဆင်မယ့် Hard Disk ကို
ယူလိုက်ပါ။ အဲ့ဒီ Hard Disk Drive ရဲ့ Circuit Boardပေါ်မှာ Jumper တွေကို
အရင်တွေ့အောင် ရှာလိုက်ပါ။ Hard Disk (IDE) Cableကြိုးတပ်ရမည့်နေရာနဲ့
Power ကြိုးတပ်တဲ့နေရာကြားမှာ Pin လေးတွေ လေးစုံရှိပါတယ်။ အဲ့ဒီအပေါ်မှာ
စွပ်ထားတဲ့အရာလေးက Jumper လေးပေါ့။Jumper လေးတွေက လျှပ်စစ်စီးကူးစေတဲ့
Metal ကို ပလပ်စတစ် အဖုံးလေးနဲ့အုပ်ထားတဲ့လေးထောင့်ပုံစံလေးနဲ့ Jumper
သေးသေးလေးတွေပါ။ အပြင်က ကြည့်လိုက်ရင်ပလပ်စတစ်လေးထောင့် ပုံစံလေး ဆိုပေမယ့်
အထဲကတော့ လျှပ်စစ်စီးကူးစေတဲ့ Metal နဲ့လုပ်ထားတာပါ။ အဲ့ဒီ Jumper လေးတွေက
Drive ပေါ်မှာရှိတဲ့ Pin လေးတွေပေါ်မှာ စွပ်ထားတာပါ။
အဲ့ဒီ Jumper လေးတွေကို
နေရာပြောင်းပေးရမယ်။ ဒါကိုပဲ Jumper ချိုးတယ်လို့ခေါ်တာပါ။အဲ့ဒီ pin
လေးတွေပေါ်မှာစွပ်ထားတဲ့ Jumper လေးတွေကို ပြောင်းပေးဖို့အတွက် Screw
Driverသေးသေးလေးနဲ့ပဲ ဖြစ်ဖြစ်၊ ဆွဲနုတ်စရာတစ်ခုခုနဲ့ ညှပ်ပြီး
ဆွဲထုတ်လိုက်ပါ။ အဲ့ဒီလိုဆွဲထုတ်လိုက်တဲ့အခါမှာ Jumper နဲ့စွပ်ထားတဲ့ Pin
လေးတွေကို ကျိုးမကျအောင်တော့ဂရုစိုက်ပြီးဆွဲထုတ်ပါ။ သတိထားရမှာက Jumper
လေးတွေဟာ တော်တော်လေးကိုသေးငယ်ပါတယ်။ အပျောက်အရှလည်းလွယ်တယ်။ ဒါကြောင့်
အဲ့ဒီ Jumper လေးတွေကိုဖြုတ်ထားပြီးရင် အဝေးကိုရောက်မသွားစေနဲ့နော်။
အကောင်းဆုံးက လက်ထဲမှာပဲထားတာကောင်းတယ်။ သူက လွယ်လွယ်ကူကူ ပျောက်နိုင်တယ်။
သေးသေးလေးဆိုတော့ ပျောက်လို့ပြန်ရှာရင်မလွယ်ဘူး။ ပြန်ရှာရမှာ ခက်တယ်။
၅။ ပြီးရင် Master/ Slave ခွဲဖို့အတွက်
အဲ့ဒီ Jumper လေးတွေကို ပြန်တပ်ပေးရမှာ ဖြစ်ပါတယ်။ဘယ်လိုပြန်တပ်ရမလဲ။
Master ထားမယ်ဆိုရင် အရင်ဦးဆုံးပြောရမှာက Master / Slave ခွဲရာမှာJumper
ချိုးနည်း နှစ်မျိုး ရှိပါတယ်။
၆။ ပထမနည်းကို အရင်ပြောပြမယ်။
ပထမဦးဆုံး IDE Cable ကြိုးတစ်ချောင်းကို ယူလိုက်ပါ။
ပြီးရင်ကိုယ်တပ်ဆင်မည့် Hard Disk နှစ်လုံးကို တပ်ဆင်ရမယ်။အဲ့လို
တပ်ဆင်မယ့်နေရာမှာ ကြိုးကို ကြည့်လိုက်။ အဲ့ဒီ ကြိုးမှာ Connector
နှစ်ခုပါတယ်လေ။ အဲ့ဒါက ကြိုးတစ်ကြိုးမှာ Hard Disk နှစ်လုံးတပ်လို့ရတယ်လို့
ဆိုလိုတာပေါ့။ အောက်ပါပုံမှာပြထားတဲ့ ကြိုးကိုကြည့်လိုက်နော်။ အဲ့ဒီမှာ
Connector နှစ်ခုက ပိုပြီးတော့ နီးကပ်နေတဲ့ နှစ်ခုလေ။ နောက်တစ်ခုက
နည်းနည်းဝေးတယ်။ နဲနဲဝေးတဲ့ အစွန်းတဖက်မှာရှိတဲ့ Connector ကို
ကွန်ပျူတာMotherboard ပေါ်က IDE Slot မှာ စိုက်ရမယ်။ ကျန်နီးကပ်နေတဲ့
Connector နှစ်ခုက Hard Diskနှစ်လုံးနှင့် တပ်ဆင်မယ့် Connector ပေါ့။
ကဲ…အဲ့ဒီတော့ ကြိုးတစ်ကြိုးတည်းမှာ Hard Diskနှစ်လုံးကို တပ်ဆင်တော့မယ်။
၇။ အဲ့ဒီမှာ IDE Cable ကြိုးမှာ
Connector သုံးခုပါတဲ့အထဲက ကြိုးအရှည်ဘက် IDE Slot မှာတပ်ရမယ့် Connector
ကို Motherboard ပေါ်က IDE Slot မှာ တပ်လိုက်ပါ။
တပ်လိုက်ပြီနော်။ပြီးရင်ကျန်တဲ့ Connector နှစ်ခုက နီးနီးကပ်ကပ်လေး
ရှိနေတယ်လေ။ အဲ့ဒီတော့ Master ထားမည့်Hard Disk ကိုနီးကပ်နေတဲ့ Connector
နှစ်ခုထဲက အပြင်ဘက်ကျတဲ့ Connector မှာတပ်ပေးလိုက်ပါ။ ပြီးတော့ နောက် Slave
ထားမယ့် Hard Disk ကိုအတွင်းဘက် ပြောရရင်ဒုတိယနေရာကျတဲ့ Connector
မှာတပ်ပေးလိုက်ပါ။
အဲ့လို တပ်တဲ့နေရာမှာလည်း တပ်မယ့်Connector
ခေါင်းကို သေချာကြည့်ပါ။ အောက်ပါပုံမှာ ပြထားတာကို ကြည့်လိုက်ပါ။
CableConnector မှာ အထစ်ကလေး တစ်ခုပါတယ်။ အဲ့သလိုပဲ Hard Disk ရဲ့ Cable
နဲ့ချိတ်ဆက်မည့်နေရာမှာလည်း Notch လေးတစ်ခုပါတယ်။
အချိုင့်လေးတစ်ခုပေါ့။တပ်ဆင်တဲ့အခါကျရင် အဲ့ဒီ Cable ကြိုးက အထစ်ကလေးနဲ့
Hard Disk ရဲ့ Cable ကြိုးနဲ့ချိတ်ဆက်မည့် နေရာမှာပါတဲ့ Notch
အချိုင့်ကလေးနဲ့ကို အံဝင်အောင် တပ်ဆင်ပေးရမှာပါ။
အံမ၀င်လို့မရဘူး။ Cable Connector
အထစ်ရှိတဲ့ဘက်နှင့် Hard Disk ရဲ့ Cable Connectorမှာပါတဲ့ အချိုင့်လေးဟာ
ဘက်မှားနေတယ်ဆိုလို့ရှိရင် အံဝင်မှာ မဟုတ်ဘူးနော်။
လုံးဝတပ်လို့ရမှာမဟုတ်ဘူး။ အဲ့ဒီတော့ Cable ကြိုးက ၀င်မှာမဟုတ်ပါဘူး။
အဲ့ဒါကို မ၀င်လို့ဆိုပြီးအတင်းထိုးမသွင်းနဲ့နော်။ Pin
တွေကျိုးကုန်လိမ့်မယ်။ အဲ့ဒီတော့
ကြိုးမတပ်ခင်သေချာစွာကြည့်ပါ။ပြီးမှကြိုးကိုတပ်ပါ။
၈။ IDE (Pata) Cable မှာ Hard Disk
နှစ်လုံးကို တပ်လိုက်ပြီးပြီ ဆိုပြီးတော့
ပြီးပြီလို့တော့မထင်လိုက်နဲ့နော်။ ဒါ ကြိုးမှာ Hard Disk ကို တပ်တာပဲ
ရှိသေးတယ်။ Master/Slave ခွဲဖို့အတွက်Jumper ချိုးပေရအုံးမယ်။ ဒီတော့
အပေါ်မှာပြောခဲ့တဲ့ Hard Disk ရဲ့ Circuit Board ပေါ်ကဖြုတ်ယူထားတဲ့ Jumper
လေးကို Master ထားမယ့် အခုနကပြောခဲ့တဲ့ IDE (Pata) Cable
ကြိုးမှာအပြင်ဘက်က တပ်ဆင်ထားတဲ့ Hard Disk ရဲ့ Hard Disk Cable
ကြိုးတပ်မယ့်နေရာနဲ့ Powerကြိုးတပ်မယ့်နေရာရဲ့ကြားထဲက Pin လေးလေးစုံမှာ သူ့
Setting အတိုင်းလေး တပ်ပေးရမှာပါ။ အဲ့ဒီPin လေးစုံထဲက အပြင်ဘက် Pin
နှစ်စုံဟာ Master ဖြစ်ပြီး အထဲဘက်က Pin နှစ်စုံဟာ Slaveဖြစ်ပါတယ်။
ဆိုလိုတာက ကိုယ် Master ထားချင်တဲ့ Hard Disk မှာရှိတဲ့ Jumper
Pinလေးတွေထဲကအပြင်ဘက်က pin နှစ်စုံမှာ တစ်စုံစုံမှာ jumper
စွပ်ပေးလိုက်မယ်ဆိုရင် အဲ့ဒီ HardDisk ဟာ Master ဖြစ်သွားပါပြီ။
(မှတ်ချက်။ ။Hard Disk ထုတ်လုပ်တဲ့
ကုမ္ပဏီတွေပေါ်မူတည်ပြီးJumper setting တွေ ကွဲပြားနိုင်ပါတယ်။) ဒါဆို
ကျန်တစ်လုံးဖြစ်တဲ့ Slave ထားမယ့် Hard Disk ကိုဘာ Jumper မှ
မစွပ်ပေးတော့ပဲနဲ့ ထားလိုက်မယ်ဆိုရင် အဲ့ဒီ Hard Disk ဟာ သူ့ဘာသာသူ
အလိုလိုSlave ဖြစ်သွားပါတယ်။ နားမလည်သေးရင် ပြန်ပြောပြမယ်။ IDE Cable
ကြိုးမှာ Hard Diskနှစ်လုံးကိုတပ်။ Master ထားမယ့် Hard Disk ကို
အပြင်ဘက်ကျတဲ့ Connector မှာ တပ်ပါ။ကျန်တစ်လုံးက ဒုတိယနေရာမှာ တပ်မယ်။
ပြီးရင် Master ထားမယ့် Hard Disk ရဲ့ အပြင်ဘက်ကPin တစ်စုံမှာ jumper လေး
စွပ်ပေးလိုက်။ Slave ထားမယ့် Hard Disk မှာတော့ ဘာ Jumper မှမတပ်ပေးနဲ့။
ဟုတ်ပြီနော်။ ဒါဆို Hard Disk နှစ်လုံးကို ကြိုးတစ်ချောင်းတည်းမှာ
တပ်မယ်ဆိုရင်Master/Slave ခွဲတတ်သွားပြီနော်။
၉။ နောက်တစ်မျိုးကကျတော့ IDE Cable
ကြိုးမှာ Hard Disk နှစ်လုံးကို ဘယ်နေရာမှာပဲတပ်တပ်တပ်လိုက်ပါ။ ပြီးရင်တော့
ကိုယ် Master ထားချင်တဲ့ Hard Disk ရဲ့ Jumper Pin လေးတွေထဲကအပြင်ဘက်ကျတဲ့
Pin နှစ်စုံထဲက တစ်စုံစုံမှာ Jumper လေးစွပ်ပေးလိုက်ပါ။ ပြီးရင် Slave
ထားမယ့်Hard Disk ရဲ့ pin လေးစုံထဲက အလယ်က Pin နှစ်စုံထဲက တစ်စုံစုံမှာ
Jumperလေးအုပ်ပေးလိုက်ပါ။ ဒါဆိုရင် Slave ဖြစ်သွားပါပြီ။
ဒါဆို Master/Slave ခွဲပြီးသွားပြီ။ အဲ့ဒီ
HardDisk နှစ်လုံးကို သူ့နေရာနဲ့သူ အံဝင်ဂွင်ကျဖြစ်အောင် တပ်ဆင်ပေးလိုက်ပါ။
ပြီးရင် Power ကြိုးကိုHard Disk နှစ်လုံးမှာတပ်ပေးလိုက်ပါ။ ဒါဆိုရင်
သူတို့နှစ်ခုအလုပ်လုပ်ပါပြီ။ ကဲ ဒါဆို Master/Slaveခွဲတာ
ခွဲတတ်သွားပြီနော်။ တကယ်လို့ မိမိရဲ့ ကွန်ပျူတာမှာ Pata Cable
ကြိုးတစ်ချောင်းတည်းမှာHard Disk နှစ်လုံးတပ်မယ်ဆိုရင်
ဒီနည်းအတိုင်းတပ်ပေးလိုက်ပေါ့နော်။ ဒါဆို Hard Disk နှစ်လုံးဟာPata Cable
ကြိုးတစ်ကြိုးတည်းမှာ ဆိုပေမယ့် တစ်ခုနှင့်တစ်ခု တိုက်နေစရာ
မလိုတော့ဘူးပေါ့။Master ထားတဲ့ Hard Disk က First နေရာမှာ အလုပ်လုပ်မယ်။
Slave ထားတဲ့ Hard Disk ကSecond နေရာမှာအလုပ်လုပ်မယ်။ ဒါပဲပေါ့။ လုံးဝ
ပြိုင်ဆိုင်တိုက်နေစရာ မရှိတော့ပါဘူး။ ဒါဆို HardDisk နှစ်လုံးဟာ
ကောင်းကောင်း အလုပ်လုပ်ပြီပေါ့။
Source: MY DATA Game & Software CD/DVD
0 comments:
Post a Comment