Everything About IT Notes

Sunday, October 21, 2012

Cross Site Scripting ပြဿနာများ (Security Alert)


Cross site scripting (XSS) ကိုအခြေခံတဲ့ တိုက်ခိုက်မှုတွေဟာ အသစ်မဟုတ်ပေမယ့် လူမှုရေး မီဒီယာတွေ ပေါ်ပေါက်လာတာက xss တိုက်ခိုက်မှု အသစ်တွေကို ထပ်ထုတ်စေနိုင် ပါတယ်။

 An XSS Primer
XSS တိုက်ခိုက်မှုနည်းလမ်းမှာ အသုံးအများဆုံးဟာ အီးမေးလ်ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူ တစ်ယောက်ဟာ သာမန် URL တစ်ခုမှာ နိုင်ငံခြားဘာသာ စကားလိုမျိုး အထူးအက္ခရာတွေကို တွဲဆက်လိုက်ပါတယ်။ ဒီအက္ခရာတွေဟာ လူလိမ်တွေပြုလုပ်ထားတဲ့ Script တစ်ခုကို လုပ် ဆောင်ဖို့ web server ကိုပြောပါလိမ့်မယ်။ ဥပမာအားဖြင့် ပြောရရင် တိုက်ခိုက်သူတစ် ယောက်ဟာ ဘဏ်ရဲ့ URL မှာ ဒီလို script တစ်ခုကို တွဲဆက်ထားပြီး အီးမေးလ်ပို့လိုက်ပါ တယ်။ ဒီအီးမေးလ်ဟာ ဘဏ်ကနေ တရားဝင်ပို့တယ်လို့ ယုံကြည်ပြီး Link ကို ကလစ်နှိပ်ရင် browser ဟာ Web Server ဆီကို ဒီ Script ပို့လိုက်ပါတယ်။ ဒါဆို ကုဒ်အမျိုးမျိုးကို လုပ်  ဆောင်စေပြီး ဘဏ်ကို ၀င်ရောက်တဲ့ Login အသေးစိတ်ဟာ browser cookie တစ်ခုကနေ တိုက်ခိုက်သူထံသို့ ရောက်ရှိသွားပါတယ်။ အဲဒီနောက်သူဟာ အွန်လိုင်း ဘဏ်စာရင်းကို ၀င်ရောက်သွားနိုင်ပါပြီ။နောက်ထပ်XSS တိုက်ခိုက်မှု အမျိုးစားတစ်ခုဟာ အမျိုးမျိုးသော ကုဒ်တွေကို web server တစ်ခုမှာ သိုလှောင်ထားပါတယ်။ တိုက်ခိုက်သူဟာ e-commerce site တစ်ခုသို့ Login ၀င် ရောက်ပြီး Script တစ်ခုပါဝင်နေတဲ့ သတင်းစာသား တစ်ခုကို post တင်ထားပါတယ်။ ရက် အနည်းငယ်ကြာပြီးနောက် ဒီ site ကို Login ၀င်တဲ့အခါ ဒီ post ကို ဖတ်ရပါမယ်။ အဲဒီ မတိုင် ခင်က Login သတင်းအချက်အလက်ပါရှိတဲ့ Cookie ကို Script က ခိုးယူပြီး အဲဒါကို လူလိမ် ထံ ပေးပို့ပါတယ်။ အဲဒီနောက် သူတို့ဟာ ကိုယ့်ပုံစံ အယောင်ဆောင်နိုင်ပါလိမ့်မယ်။
 တတိယအမျိုးအစား XSS တိုက်ခိုက်မှုဟာ Web Browser ကိုယ်တိုင်ပဲ ထိသွားနိုင်ပါတယ်။ ဒီ အကြံအစည်မှာတော့ ကိုယ်သွားကြည့်မယ့် ဆိုဒ်တစ်ခုပေါ်မှာ တိုက်ခိုက်သူဟာ အဆိပ်ရှိနေ တဲ့ Flash File တစ်ခုကို ထားထားပါတယ်။ ဗီဒီယိုတွေကို Browser က download လုပ်တဲ့ အခါ ဒီ ဖိုင်ဟာ Browser ထဲမှာ Script တစ်ခုကို ချိန်ကိုက် လုပ်ဆောင်စေပါတယ်။ အဲဒီ နောက် တိုက်ခိုက်သူဟာ Browser ထဲမှာရှိတဲ့ စာမျက်တွေမှာ ပါဝင်တဲ့ အရာတွေကို ထိန်းချုပ် သွားနိုင်ပါပြီ။
 Web 2.0 and XSS
ဒီကနေ့ Website တွေဟာ ယေဘုယျ XSS တိုက်ခိုက်မှုတွေကို စစ်ထုတ်တဲ့အလုပ်ကို အရင် ဆိုဒ်တွေပြုလုပ်ခဲ့တာထက်စာရင် ပိုပြီး ကောင်းစွာလုပ်နိုင်ပေမယ့် ကွဲပြားတဲ့ content filtering ပြုလုပ်ဖို့ အခြေအနေရှိတဲ့ ဆိုဒ်နှစ်ခုကို partner အဖြစ် ဆုံးဖြတ်ရင် ဘာဖြစ်လာနိုင် ပါသလဲ။ ပြောရမယ်ဆိုရင် ဆိုဒ် အေ ပေါ်ရှိ ကြော်ငြာတစ်ခုကို ကလစ်နှိပ်လိုက်ပါတယ်။ မသိ နိုင်တဲ့ အဖြစ်က ဒီကြော်ငြာမှာ XSS တိုက်ခိုက်မှု တစ်ခုပါဝင်နပြီး Browser ကို ဆိုဒ် ဘီ ဆီ ငြိမ်သက်စွာ ရောက်ရှိစေပါတယ်။ ခရီးသွား ဆိုဒ်တွေဟာ လူမှုကွန်ရက် Profile ကို အပြည့် အ၀ ရယူနိုင်ပါတယ်။ XSS တိုက်ခိုက်မှုတစ်ခုနဲ့ ဆိုဒ် ဘီကို သွားရောက်ဖို့ အဲဒီမှာ Login ၀င် ရောက်ဖို့ အဲဒီမှာရှိတဲ့အရာတွေကို ကလစ်နှိပ်ဖို့ မလိုပါဘူး။ ဒါမှမဟုတ် အဲဒီ ဆိုဒ် ဘီ ရှိနေ တယ် ဆိုတာတောင် မသိပဲ ကိုယ့်ကို သားကောင်ဖြစ်လာစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုဒ်ဘီဟာ လူမှုကွန်ရက် profile ကို (သူငယ်ချင်းရဲ့ သတင်းအချက်အလက်လည်း ဖြစ်နိုင်ပါ တယ်) ရယူနိုင်ပြီးသားဖြစ်နေပြီး ဆိုဒ် အေ ပေါ်မှာ ရှိတဲ့ ကြော်ငြာရဲ့ နောက်က ပြစ်မှု ကျုးလွန် သူဟာလည်း ဒီသတင်းအချက်အလက်ကို ယခုရယူထားနိုင်ပါပြီ။
 ကံမကောင်းစွာပဲ ဆိုဒ်တွေဟာ connection ကို encrypt လုပ်ထားရုံနဲ့ XSS တိုက်ခိုက်မှုကို ကြိုတင်ကာကွယ် မထားနိုင်ပါဘူး။ Encryption သုံးထားတဲ့ ဆိုဒ်ကို ၀င်ရောက်ကြည့်တဲ့ အခါ မှာ သော့ခလောက်အသေးလေးဟာ toolbar ထဲမှာပေါ်လာကာ SSL (Secure Socket Layer) ကို ဖော်ပြနေပြီး တိုက်ခိုက်မှုကိုပါ encrypt လုပ်နေပါပဲ။ ယေဘုယျအားဖြင့် ဆိုဒ် designer တွေဟာ XSS အပြည့်အ၀အသုံးချမှုကို ကာကွယ်နိုင်ဖို့ ဆိုဒ်ကို ထိန်းချုပ်ထားပြီး ဖြစ်နေရပါမယ်။ အသုံးပြုသူတွေဟာ XSS တိုက်ခိုက်မှုကို ရှောင်ရှားနိုင်တဲ့ နည်း ၂ နည်း ရှိပါ တယ်။ တစ်ခုကတော့ ဆိုဒ်တစ်ခုကနေ အခြားတစ်ခုကို Link ချိတ်ထားတာတွေကိုလျစ်လျူ ရှုထားလိုက်တာပါ။ ပြောရရင် Link ကို ကလစ်နှိပ်တာနဲ့အခြား Tab တစ်ခုထဲမှာ Someradom site.com ကို တိုက်ရိုက်ရောက်ရှိသွားရမယ်။ ဆိုဒ်ရဲ့ Search လုပ်ဆောင် ချက်ကို အသုံးပြုပြီး စာမျက်နှာကို ရှာရမယ့်အစား ဆိုဒ် အေဟာ somerandomsite.com/ page ဆီကို Link ချိတ်ဆက်ထားပါတယ်။ ဒီနည်းလမ်းဟာ ချိတ်ဆက်ထားတဲ့ URL ထဲမှာ မြုပ်နှံထားတဲ့ XSS တိုက်ခိုက်မှုတွေကို ထိရောက်စွာတားပေးနိုင်ပေမယ့်လည်း ဆိုဒ် ၂ ခု ဟာ content တွေကို မျှဝေသုံးထားတဲ့အချိန်မှာ အကူအညီမပေးနိုင်ပါဘူး။ တခြားနည်းတစ်ခုက တော့ Java script လိုမျိုး Scripting language တွေကို browser မှာ ပိတ်ထားဖို့ပါပဲ။ ဒါပေမဲ့ ဒါဟာ site တချို့လိုချင်တဲ့ လုပ်ဆောင်ချက်တွေကိုပါ ပိတ်သွားစေနိုင်ပါတယ်။
 အန္တရာယ်ရှိတဲ့ Script တွေကို ပိတ်ဆို့ထားခြင်း
Internet Explore 8 ဟာ Script ပိတ်ထားတဲ့ XSS ကာကွယ်ပေးမှု ပါရှိပြီးသားဖြစ်တဲ့ ပထမ ဦးဆုံး Browser ဖြစ်ခဲ့ပါတယ်။ ပြီးတော့ Google Chrome က နောက်က လိုက်လုပ်ဆောင် လာခဲ့ပါတယ်။ နှစ်ခုစလုံးစဟာ web server တစ်ခုကနေလာတဲ့ Script တစ်ခုကို malicious ဖြစ်နေလားလို့ ကြည့်ပါတယ်။ ဒီလိုသာဖြစ်နေခဲ့ရင် အဲဒါကို ပိတ်ထားလိုက်ပါတယ်။Firefox အသုံးပြုတွေဟာ No Script (find.pcworld.com/70213) ဆိုတဲ့ add-on ကို အသုံး ချပြီး Script ကို ရွေးချယ်ပိတ်ထားနိုင်ပါတယ်။ ဥပမာအားဖြင့် ဆိုဒ်ပေါ်မှာ တခြား Script အစိတ်အပိုင်းတွေကို ပိတ်ထားချိန်မှာ Flash Video တစ်ခုကို မပိတ်ပဲ ထားနိုင်စေပါတယ်။ No Script တစ်ခုချင်းစီကို မပိတ်မိဖို့ လုပ်ဆောင်ရတဲ့ အဆင်မပြေနိုင်မှုပါပဲ။ ဒါကို မကြိုက်ကြပါ ဘူး။ ဒါပေမယ့်လည်း ပိတ်ခြင်း မပိတ်ခြင်းဟာ ယေဘုယျအားဖြင့် ဒုတိယဦးစားပေးလုပ် ဆောင်ချက်ပါပဲ။ တစ်ခုတည်းအတွက် ဒါမှမဟုတ် လုပ်ဆောင်ချက်အားလုံးကို သွားရောက် ကြည့်ရှုဖို့ ရွေးချယ်ထားတဲ့ ဆိုဒ်တစ်ခုပေါ်မှာ script တွေကို လုပ်ပိုင်ခွင့် သတ်မှတ်တာကို လည်း လုပ်နိုင်ပါတယ်။  Ref Source: PC World Myanmar

0 comments:

Post a Comment